
CWM သွင်းဖို့အတွက် Fastboot Run ရအောင် ပထမဆုံး Minimal ADB and Fastboot Application ဒါမှမဟုတ် Run လိုရမယ့် Folder မျိုးရှိဖို့ လိုပါတယ် ။
Minimal ADB and Fastboot (1.1.3) Exe မရှိဘူး မတင်ထားဘူးဆို အရင်ဆုံး တင်လိုက်ပါ ။
Bootloader Unlocked ဖြစ်ရပါမယ်
Fastboot အလုပ်လုပ်ရပါမယ်
CWM Run ဖို့ လိုအပ်တဲ့ Karnel ရှိရပါမယ် ။ အများအားဖြင့် Karnel Zip ဖိုင်တွေ ဖြစ်တတ်ပါတယ် ။
ဒါ ပြည့်စုံပီဆိုရင် CWM ရယူဖို့ အဆင်သင့်ဖြစ်ပါတယ် ။
* ဒီ Post မှာ CWM တင်ဖို့ ဘာ Karnel မှ မတင်ပေးထားပါဘူး ။ ဘာလို့လဲ ဆိုတော့ ဖုန်း ၁ မျိုးနဲ့ ၁ မျိုးက Karnel တွေ မတူပါဘူး ။
ဒီ့အတွက် ကိုယ်နဲ့ အဆင်ပြေမယ့် ဟာကို ရှာပီး Run ဖို့လိုပါတယ် ။
* Karnel မှားသွားမယ်ဆိုရင် Boot Loop ပတ်တာမျိုးဖြစ်ပီး ဖုန်းက Logo ပီးတာနဲ့ Restart ဖြစ်ဖြစ်နေမှာပါ ။
* ဒီလို Restart ဖြစ်နေရင် မှန်တဲ့ Karnel ပြန်တင်ရင် ဒါမှ မဟုတ် Flash က Karnel ပြန်တင်လိုက်ရင် အဆင်ပြေသွားမှာပါ ။
၁ ။ ပထမဆုံး ကိုယ်နဲ့ သက်ဆိုင်တဲ့ Karnel ကို Down လိုက်ပါ ။ အများအားဖြင့် .zip ဖိုင်ဖြစ်နေပါလိမ့်မယ် ။
၂ ။ .zip ဖြစ်နေခဲ့ရင် (Extract) ဖြည့်ချလိုက်ပါ ။ အထဲမှာ boot.img ဖိုင်ပါလိမ့်မယ် ။ boot.img မဟုတ်ရင် .img နဲ့ ဆုံးတဲ့ ဖိုင်ကို boot လို့ နာမည် (Rename) ချိန်းလိုက်ပါ ။
၃ ။ ရလာတဲ့ boot.img ကို fastboot binary Folder ထဲကို ပြောင်းထည့်လိုက်ပါ ။

၎ ။ ဖုန်းကို Shutdown ချပါ ။ fastboot ကို Run လိုက်ပါ ။ ပီးရင် အောက်က Code ကို ရိုက်ပီး Enter နှိပ်ပါ
fastboot flash boot boot.img
၅ ။ Waiting device ဖြစ်နေပီဆိုရင် ဖုန်း Volume Up (+) ကိုနှိပ်ထားပီး USB ကြိုးထိုးလိုက်ပါ ။ ကြိုးထိုးလိုက်ပီ ဆိုတာနဲ့ Auto Run ပီး Finish ဖြစ်သွားပါလိမ့်မယ် ။
* Driver မသိရင် Bootloader Unlock မဖြစ်နေရင် Finish မဖြစ်တာ ဆက် မ Run တာဖြစ်သွားပါလိမ့်မယ် ။ Driver မသိရင် Driver သိအောင်အရင်လုပ်ပါ ။
၆ ။ Finish ဖြစ်ပီးသွားပီဆိုရင် fastboot ကို Reboot လုပ်လိုက်ပါ ။ Reboot Code ပါ ။
fastboot reboot
ဖုန်း Restart ပြန်တတ်လာရင် CWM Mode ရရှိနေပီး ဖြစ်ပါတယ် ။

* CWM Mode ဝင်မယ်ဆိုရင် Sony ဆိုတဲ့ Logo လေးပေါ်လာတဲ့ အချိန် မီးလေး ခဏလင်းပါလိမ့်မယ် ။
အများအားဖြင့် ခရမ်းရောင်လေး ဖြစ်နေတတ်ပါတယ် ။ မီးလေး မလင်းရင် CWM မရသေးပါဘူး ။
မီးလေး လင်းလာပီဆိုရင် Volume down (-) ကို နှိပ်ထားလိုက်ပါ ။ CWM ထဲရောက်သွားမှာဖြစ်ပါတယ် ။
အားလုံးပဲ အဆင်ပြေကြပါစေ ။
No comments:
Post a Comment