Tuesday, October 14, 2014

[+4.3] Sony Xperia Myanmar Font Manual Install ( Zawgyi font ) ** Root **

Sony မှာ သူများထက်စိတ်ညစ်ရတာဆိုလို့ မြန်မာ ဖောင့်ပဲရှိတယ် ။ ကျွန်တော့်အတွက်ပေါ့ ။ အဆင်ပြေလည်း သူများတွေ အဆင်ပြေပီးမှ အဆင်ပြေတယ် ။ ဒါပေမယ့် ဘာဖြစ်ဖြစ် Sony Crazy အတွက်တော့ ဒါက စာမဖွဲ့လောက်ပါဘူး ။ :)

4.3 ကနေ စပီး Sony Xperia မှာလည်း မြန်မာစာ ပါလာပီး ဖြစ်ပါတယ် ။ ဒါပေမယ့် ပါလာတဲ့ ပိတောက် ဖောင့်က Unicode ဖောင့် ပြောရမယ်ဆို Standard ၁ခုရှိနေပီးဖြစ်တဲ့ font ပါ။ ဒါပေမယ့် ကျွန်တော်တို့ အသုံးအများဆုံး ဖောင့်က Zawgyi font ဆိုတော့ တိုင်ပတ်တာပေါ့ ။ အဲ့တော့ Zawgyi ပြန်ပြောင်းမှ အဆင်ပြေတယ် ။
ခုရေးပေးတာ Font Changer တွေ မသုံးပဲ Manual .. Root Explorer လေးကနေ System ထဲ သွားထည့်တာကိုပြောပါမယ် ။ အမှန်ကတော့ Bath file တို့ apk တို့ကနေ ပြောင်းလိုက်လို့ရပေမယ့် ကိုယ်မသိလိုက်တာလည်းပါတယ် ။ ၁ခုခု error တတ်လာပီဆိုလည်း ပြန်မရှင်းတတ်တာတွေကြောင့် Manual တင်တာလေးကိုပြောပြပါမယ် ။ Error တတ်လို့ ပြန်မရှင်းတတ်တာ ကျွန်တော့် ညံ့ဖြင်းမှုပါ ။
* Root (SuperSu) ရှိပီးသား ဖြစ်နေဖို့လိုပါတယ် ။
ပထမဆုံး လိုအပ်တဲ့ File လေးတွေ Down ထားလိုက်ပါ ။

*****************************************
*****************************************

Myanmr Font ဘယ်လောက်မှန်လဲ ဆိုတာ 

၁ ။ Root Explorer v3.1.1 .apk ကို Install လုပ်ပါ ။

၂ ။ 2008 4.3 Zawgyi font ကိုဒေါင်းလိုက်လို့ရလာတဲ့ Padauk.ttf ( နာမည်ပြောင်းရတာ အဆင်မပြေမှာဆိုးလို့ ၁ ခါတည်းပြောင်းပေးထားတာပါ ) ဆိုတဲ့ font လေးကို SD Card ထဲကိုကူးထည့်ပါ ။

၃ ။ Root Explorer ကိုဖွင့် . ထည့်ထားတဲ့ SD Card နေရာက Padauk.ttf ကိုနှိပ်ထားပီး Copy လုပ်ပါ။

၎ ။ ပီးရင် အပေါ်ဆုံးက Parent folder ကနေ ထွက်ပါ . Root ကိုရောက်သွားပါမယ် ။ Root ရောက်ပီဆိုရင် System > fonts ထဲဝင်ပါ ။


၅ ။ အပေါ်က ပုံမှာ အနီနဲ့ ဝိုင်းပြထားတဲ့ အပေါ်ဘက်က Mount R/O ဖြစ်နေရင် အဲ့ဒီ Button လေးကိုနှိပ်လိုက်ပါ Mount R/W ပြောင်းသွားပါလိမ့်မယ် ။ SuperSu acc တောင်းရင် Yes ပေးလိုက်ပါ ။

၆ ။ အောက်က Copy Here ဆိုတာလေးကို နှိပ်လိုက်ပါ ။ ဒါဆိုရင် သူက ရှိပီးသား Replace လုပ်မလားမေးလာရင် Yes ဆိုပီး Replace လုပ်လိုက်ပါ ။ ( သဘောကတော့ အရင်ဖောင့်နေရာမှာ အခုဖောင့်လေးကို အစားထိုးလိုက်တာပါ )

၇ ။ ဖုန်းကို Restart လုပ်လိုက်ပါ ။ ပြန်တတ်လာရင် Zawgyi font ကို ၉၈% လောက် အမှန်မြင်နေရပီဖြစ်ပါတယ် ။

*Kitkat တွေမှာတော့ အပေါ်က အဆင့်မှာတင် မှန်သွားပီဖြစ်ပါတယ် ။ ဒါပေမယ့် Jelly Bean တွေမှာ အနည်းငယ်မှားနေတတ်ပါတယ် ။
Facebook ရဲ့ Group လိုနေရာမျိုး တ ချို့နေရာတွေမှာ (eg . အမေ နေရာမှာ အေမ) လိုမှားနေတာ ရှိတတ်ပါတယ် ။
* ဒီ အဆင့်က စပီး ထပ်လုပ်ရမယ်ဆိုရင် Boot ပြန်မတတ်တာမျိုး Error တွေရှိနိုင်ပါတယ် ။ မလုပ်ပဲ အဆင်ပြေနေရင် ဒီတိုင်းထားတာ ပို အန္တရယ်ကင်းပါတယ် ။

အဲ့လိုမှားနေတယ်ဆိုရင် fepfz ကိုဖွင့်လိုက်ပါ ။

၈ ။ သူ့ User ဘက်က ဖြစ်တဲ့ဟာတွေ တာဝန်မယူကြောင်း ရေးထားတာတွေကို I Agree လုပ်ပါ ။ ပီးရင် PATCH(v2) and Reboot ကိုနှိပ်လိုက်ပါ ။
* Sony ဖုန်းအားလုံးနဲ့ အဆင်ပြေချင်မှပြေပါလိမ့်မယ်
* Xperia Z ကိုတော့ PATCH(v2) နဲ့အဆင်ပြေပါတယ်
* Fepfz က ဘယ်လိုအလုပ်လုပ်လဲဆိုတော့ 4.3 Jelly Beam ရဲ့ Unicode Myanmar font Correction ဖြစ်တဲ့ Funtion ကို Patch ထုတ်ပီး အလုပ်မလုပ်ခိုင်းတာပါပဲ ။


၉ ။ ဖုန်း Restart ပြန်တတ်လာပီဆိုရင် သဝေထိုး တွေ တခြားအရာတွေ နေရာမှားတဲ့ Error ကိုရှင်းပီးသားဖြစ်နေပါပီ ။

အားလုံးပဲ အဆင်ပြေကြပါစေဗျာ ။

* ခု ဖောင့်မှာ "ျု  ".. ဆိုရင် အရမ်းကပ်နေတယ် ။  " ဿ  "  ဆိုရင် Space မယူတဲ့အတွက် နောက်ကစာလုံးတွေ သူ့နေရာဝင်ယူတဲ့အတွက် စာတွေထပ်ကုန်တယ် ။ ၉၈% လောက် မှန်တယ်လို့ထင်ပါတယ် ။ 

** ခုနည်းက တခြား fonts patch , Batch , apk , တွေ နဲ့လုပ်ပီးသားဆို ဘာမှပြောင်းမှာမဟုတ်ပါဘူး ။

3 comments:

  1. My ph is experiaZ3 andriod4.4.4
    I already download 3 file but cannot open and install. The last file only install,help me plz.
    Thanks.

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. Mu phone is z3 version 6.0.1
    Please

    ReplyDelete